ဂျပန်နိုင်ငံကို လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပိုမည်


မတ် ၆

လာမယ့်ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖိုအတွက် ဆောင်ရွက် သွားမယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့ပါတယ်။

မတ်လ ၄ ရက်၊ မနက်ပိုင်းက ရန်ကုန်မြိုကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံးကန့်သတ်ချက်တွေ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့အတွက် အာဆီယံ-ဂျပန်နဲ့ ဂျပန်နိုင်ငံက ပဲအသင်းတွေနဲ့ ပိုမိုနီးကပ်စွာ တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် ၁၁ လအတွင်းမှာတော့ ဂျပန်နိုင်ငံကို မြန်မာ့လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲမျိုးစုံတင်ပို့မှုဟာ တန်ချိန် တစ်သောင်းကိုးထောင်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို လယ်ယာထွက်ကုန်တွေ တင်ပို့ရာမှာ ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ ပိုးသတ် ဆေး ဓာတ်ကြွင်းပမာဏထက် ကျော်လွန်တဲ့ ဖြစ်ရပ်တွေရှိတဲ့အတွက် သတ်မှတ်ထားတဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်း ပမာဏအတွင်း တိုးမြှင့်တင်ပို့နိုင်ဖိုအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN