ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာနေ ပြည်သူ ၄ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်


မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက်ခေါင်းဆောင် သံမဏိ(သပြေအေး)၏ လက်အောက်ခံ PDF အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ နံနက် ၃ အချိန်ခန့်တွင်တွင် ၎င်းအကြမ်းဖက်အဖွဲ့များက လက်နက်ကိုယ်စီ ကိုင်ဆောင်လာပြီး ကျေးရွာအတွင်းဝင်ရောက်လာကာ ဒေါ်ညို၊ ဒေါ်စန်းစန်းမြို့၊ ဦးဝင်းမင်းဌေးနှင့် ဦးမျိုး တို့ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေရွာ၏တောင်ဘက်ရွာအဝင်ထိပ်တွင် အကြမ်းဖက် PDF ဖွဲ့က ဂိတ်ဖွင့်၍ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး-တမူးစသည့် ပြေးဆွဲနေသော ကားများကို ဂိတ်ကြေးအဆမတန်တိုးကောက်ခြင်း ၊ ရွာ၏အဝင်တွင် ဂိတ်ဖွင့်ဆောင်ရွက်နေခြင်းတို့ကို ရွာသူရွာသားများနှင့် ကားသမားများက မကြိုက်မနှစ်သက်ကြောင်း ဂိတ်ကိုနေရာရွှေ့ပေးရန် လွန်ခဲ့သောလများက ဆန္ဒထုတ်ဖော်ခဲ့ဖူးကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN