မြန်မာနိုင်ငံဘော်လုံအဖွဲ့ချုပ်က MFF Berocca Summer Football Course 2024 ကိုဆက်လက်ဖွင့်လှစ်မည်


မတ် ၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ၂၀၂၄ ခုနှစ်အတွက် MFF Berocca Summer Football Course 2024 ပထမ အကြိမ်သင်တန်းအား ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လာမည့် ဧပြီနှင့်မေလ တို့တွင် ဒုတိယအကြိမ် သင်တန်းအား ဆက်လက်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူငယ်များ ဘောလုံးအားကစားမှ တဆင့် ကာယဉာဏ ပိုမိုကျန်းမာသန်စွမ်း ကောင်းမွန်စေရန်၊ အသင်းလိုက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် အခြေခံဘောလုံးပညာများ တက်ကျွမ်းရန်၊ ရွက်ပုန်းသီး ကစားသမားများ ပေါ်ထွက်လာစေရန် အတွက် နွေရာသီကျောင်းပိတ်ရက် အခြေခံ ဘောလုံးသင်တန်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရန်ကုန်နှင့် မန္တလေးတို့တွင် အခမဲ့ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အခြေခံဘောလုံးသင်တန်းများအား ဒေသအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပေးနိုင်ရန်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပထမအကြိမ်တွင် သင်တန်းသား အရေအတွက် ပြည့်မီသွားသဖြင့် တက်ရောက်နိုင်ခြင်းမရှိသူများ ဒုတိယအကြိမ်သင်တန်းတွင် လာရောက်စာရင်းသွင်းနိုင်မည် ဖြစ်ပြီး ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ( ၀၉- ၂၆၃၀၃၁၆၈၉ )နံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN