နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စများကို အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်ယူသည့် စနစ်ပြောင်းလဲမည်

မတ် ၅

ဂျပန်နိုင်ငံ တိုကျိုမြိုရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စများ လာရောက်ဆောင်ရွက်ရာ၌ လာမယ့်ဧပြီလ ၁ ရက်မှ စတင်၍ Online Appointment ကြိုတင်ရယူသည့် စနစ်နဲ့ ပြောင်းလဲဆောင်ရွက်သွားမယ်ဖြစ်တယ်လို ပြီးခဲ့တဲ့ မတ်လ ၄ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြိုအနေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပါတယ်။

အဆိုပါ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအတွက် သံရုံးသို လစဉ်လာရောက်သူ နိုင်ငံသားဦးရေ ထောင်နှင့်ချီရှိပြီး စာတိုက်မှ တစ်ဆင့်ပေးပိုသက်တမ်းတိုး လျှောက်ထားမှုများဟာ နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိတယ်လို သိရပါတယ်။ ဒါ့အပြင် အချိုရက်များမှာ သံရုံးသို လာရောက်သူအရေအတွက်မှာ ကောင်စစ်အဆောက်အဦ လက်ခံနိုင်တဲ့ လူဦးရေထက်များစွာ ကျော်လွန်ခဲ့တဲ့အတွက် လာရောက်ကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အချိန်ပေးစောင့်ဆိုင်းရမှုများရှိလာရတာ ဖြစ်ပါတယ်။

ဒါကြောင့် သံရုံးအနေနဲ့ မြန်မာနိုင်ငံသားများကို ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ဧပြီ ၁ ရက်မှ စတင်ပြီး သံရုံးသို ကောင်စစ်ကိစ္စရပ်များ (ဗီဇာလျှောက်ထားမှုမပါ) ဆောင်ရွက်ရန်အတွက် လာရောက်ရာမှာ Online Appointment ကြိုတင်ရယူတဲ့ စနစ်သို ပြောင်းလဲသွားမှာဖြစ်တယ်လို အသိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN