ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်မလျှော့ဘူးဆိုတဲ့ တန်ဟတ်

မတ် ၅

အမှတ်ပေးဇယားအဆင့်(၄)နေရာက ဗီလာနဲ့(၁၁)မှတ်ကွာဟနေပေမယ့်လည်း မန်ယူအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်မလျှော့ဘူးလို့ နည်းပြတန်ဟတ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ တနင်္ဂနွေညက မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်(၆)နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့်(၄)နေရာက ဗီလာနဲ့(၁၁)မှတ်၊ အဆင့်(၅)နေရာက တစ်ပွဲလျော့စပါးနဲ့ (၆)မှတ် ကွာဟလျက်ရှိပါတယ်။

ဒါပေမယ့် မန်ယူနည်းပြတန်ဟတ်က သူ့အသင်းဟာ ရာသီအကုန်မှာ အဆင့်(၄)နေရာအတွင်း ဝင်ရောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

နောက်တပတ်ပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ပွဲကို ဗိုလ်လုပွဲလို ကစားရမှာဖြစ်ပြီး ကိုယ်ကစားရမယ့် ပွဲစဉ်တိုင်း အနိုင်ရရှိမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်သေးကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။