![](https://positiveanglenews.com/storage/2024/03/image-63.png)
မတ် ၄
ယနေ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင်ရှိသော စိန်စိန်ကုမ္ပဏီလုပ်ကွက်တွင် မြေစာကားများသွန်နေချိန် အသင်းတော်အလှူငွေအတွက် ရေမဆေးရှာနေသူ၏ ဦးခေါင်းကို ကျောက်ခဲမှန်ရာ သေဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါသေဆုံးသူသည် အသက် ၃၀ နှစ်ခန့်ရှိပြီး အင်ဖန်းဆိုင်းအောင်ဆိုသူဖြစ်ကြောင်း သိရှိရသည်။ စွန့်ပစ်မြေစာပုံမှာ အမြင့်ပေ ၂၀၀ ကျော်ခန့်ရှိပြီး မြေစာသွန်ချိန်တွင် ခဲထိမှန်ပြီး ရေအိုင်ထဲသို့ပြုတ်ကျသွားခဲ့ရာ ၎င်းကိုရေအိုင်ထဲမှ ကယ်ယူရန်ကယ်ဆယ်ရေးဆင်းဆယ်နေစဉ် အချိန်ကြာမြင့်သွားသည့်အတွက် အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများထံမှသိရှိရသည်။
![](https://positiveanglenews.com/storage/2024/03/image-64.png)
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725