ဂါဇာတွင် အစားအသောက် ယူရန်ကြိုးပမ်းနေသည့် အရပ်သားလူအုပ်ကြီးအား အစ္စရေးစစ်တပ်ပစ်ခတ်ခဲ့ပြီး လူရာချီသေဆုံ


မတ် ၄

ဂါဇာကမ်းမြောင်ဒေသတွင် စားနပ်ရိက္ခာယူရန် စုဝေးနေသည့် အရပ်သား လူစုလူဝေးအား အစ္စရေးစစ်တပ်မှ တိုက်ခိုက်ခဲ့ပြီး လူရာနှင့်ချီသေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဂါဇာမြို့အနောက်ပိုင်းရှိ Haroun Al Rasheed လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာတာ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ယူအေအီးမှ ထောက်ပံ့ပို့ဆောင်သည့် စားနပ်ရိက္ခာများကို ယူနေစဉ် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၂ ဦး သေဆုံးခဲ့ပြီး ၇၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ပြီး ထိန့်လန့်ပြေးလွှားကာ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်မှုကြောင့် ထိခိုက်သေဆုံမှုရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်အား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အဖြစ်မှန်များကို ဖော်ထုတ်ရန် ကုလသမဂ္ဂမှ တိုက်တွန်းခဲ့သော်လည်း ပြစ်တင်ရှုံ့ချမှု တစ်စုံတစ်ရာမပြုလုပ်ခဲ့ပေ။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများအား မကြာခဏတိုက်ခိုက်သတ်ဖြတ်နေသော်လည်း ၎င်းအား ကျောထောက်နောက်ခံပြုထားသည့် အမေရိကန်မှာ ဆက်လက်ထောက်ခံနေဆဲဖြစ်ကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN