ချမ်းမြသာစည်မြို့နယ်၊ လိုတရ စက်သုံးဆီအရောင်းဆိုင်တွင် ဆီဘောက်ဆာကား ဆီချရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


မတ် ၄

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈×၄၉လမ်းကြား၊ မနော်ဟရီလမ်းရှိ ဦးတင်လင်း ၊၄၅နှစ်၊ (ဘ)ဦးကြည်လှ ပိုင်ဆိုင်သည့် လိုတရ စက်သုံးဆီအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ငြိမ်းသတ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များလည်း ရောက်ရှိ ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၄ နာရီကျော်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့​​ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်အချိန်ခန့်က ချမ်းမြသာစည်မြို့နယ် လိုတရ စက်သုံးဆီဆိုင်သို့ 92-ဓါတ်ဆီ တင်ဆောင်လာသည့် ဆီဘောက်ဆာကားမှ ဆီသိုလှောင်ကန်အတွင်း ထည့်စဥ် ဆီဘောက်ဆာကား၏ ဆီပန့်အဝမှ အပူလွန်ကဲ၍ မီးစတင်လောင်ခဲ့ပြီး ဆီဘောက်ဆာကားမှာ မောင်းထွက်သွားသဖြင့် လောင်ကျွမ်းမှု မရှိခဲ့ဘဲ ဆီဆိုင်အတွင်းရပ်ထားသော ဦးတင်လင်း၏ LEXUS အမျိုးအစားယာဥ်တစ်စီးနှင့် ဆီဆိုင်အတွင်း ပန်းရံလုပ်နေသော ပန်းရံအလုပ်သမားများ၏ ဆိုင်ကယ် ၃ စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN