ကိုရီးယားနိုင်ငံသို တားမြစ်ပစ္စည်းသယ်လာတဲ့ မြန်မာများအနေနဲ့ ဒဏ်ကြေးအဆ ၅၀ အထိပေးဆောင်ရမည်


မတ် ၄

တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်ကြမယ့်မြန်မာများအနေနဲ့ တားမြစ်ပစ္စည်းများသယ်ဆောင် လာပါက ဒဏ်ကြေးအဆ ၅၀ တိုးကောက်မှာဖြစ်ကြောင်း EPS Center in Myanmar ရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

HRDK(မြန်မာEPSစင်ဝာာ)နှင့် POEA(အလုပ်သမားပိုဆောင်ရေးဌာန)တိုမှ ကိုရီးယားနိုင်ငံသို့အလုပ်သွားရောက် လုပ်ကိုင်ကြမယ့် E-9 လုပ်သားများအနေနဲ့ သတိပြုနိုင်ရန် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားများ ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို့ ရောက်ရှိသည်နှင့် ကိုရီးယားနိုင်ငံလူဝင်မှုကြီးကြပ်ရေးရုံးဝာာဝန်ခံများမှ ယူဆောင်လာတဲ့ ခရီးဆောင်အိတ်များကို(တားမြစ်ပစ္စည်းများ ယူ‌ဆောင်လာခြင်းရှိ/မရှိ) ထပ်မံစစ်ဆေးလျက် ရှိကြောင်း လုပ်ငန်းခွင်အကြိုသင်တန်း‌ပို့ချတဲ့အချိန်မှာ အပတ်စဉ် သတိပေးမှာကြားလျက်ရှိပါတယ်။

အခုလိုအကြိမ်ကြိမ်သတိပေးမှာကြားပေမယ့် ကိုရီးယားလေဆိပ်မှာ ဝာားမြစ်ထားသောလယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ယူဆောင်လာခြင်းကို အပတ်စဉ်ရှာဖွေစစ်ဆေး တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အင်ချွန်းလေဆိပ်ဝာာဝန်ရှိသူမှ အဆိုပါ ပစ္စည်းများကို သိမ်းယူခြင်း၊ ဒဏ်ကြေးငွေ ဝမ် ၁ သိန်းအထိ ဒဏ်ရိုက်ခြင်း များပြုလုပ်ခဲ့ပေမယ့် ဆက်လက်ယူဆောင်လာခြင်းများကိုတွေ့ရှိနေရတာကြောင့် ဒဏ်ကြေးငွေပမာဏကို ဝမ်တစ်သိန်း ကနေ ဝမ်သိန်း ၅၀ အထိတိုးမြှင့်လိုက်ကြောင်း အသိပေးထားပါတယ်။

ဒါကြောင့် ကိုးရီးယားနိုင်ငံသို့ ထွက်ခွာမယ့် E-9 မြန်မာလုပ်သားများအနေနဲ့ အဆိုပါတားမြစ်ပစ္စည်းများ ယူဆောင်သွားခြင်း(လုံးဝ)မပြုလုပ်ကြရန် ထပ်မံသတိပေးထား ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN