ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် ၃ ရှိကွန်ကရစ်တိုင်များကိုတိုက်၍ မောင်းနှင်ထွက်ပြေသူနှင့် ယာဉ်ပိုင်ရှင်ကို တာဝန်သိတာဝန်ယူမှုရှိရန် နေရာအနှံ့ အကြောင်းကြားစာများပေးပို့တောင်းဆို


မတ် ၃

မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူမှ ဖားကန့်ဘက်သို့ မောင်းနှင်လာသော Lancrusier (white – 24 Valve) (9D-1293) ယာဉ်သည် ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက်(၃)ရှိ ခိုင်ကြည်စင်စက်သုံးဆီပန့်ဆီဆိုင်အနီးရှိ ဆိပ်မူရှိကွန်ကရစ်တိုင်များကို ဝင်တိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဝင်တိုက်မှုကြောင့် Feeder 11 kV Line (10) Meter ကွန်ကရစ်တိုင် ၂ လုံးနှင့် အခြားဓာတ်အားလိုင်းပစ္စည်းအချို့ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုကျူးလွန်သူသည် ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်‌နေကြောင်း သိရပြီး ဒေသခံများများက ၎င်းယာဉ်‌မောင်နှင့် ယာဥ်ပိုင်ရှင်တို့သည် မိမိ၏လုပ်ရပ်အပေါ် တာဝန်သိ/တာဝန်ယူမှုဖြင့် ဖားကန့်မြို့နယ် လျှပ်စစ်ရုံးသို့ လာရောက်ဆွက်သွယ်ပေးရန် နေရာအနှံ့ အသိပေးအကြောင်းကြား စာများပေးပို့ထားကြောင်း သိရှိပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

VK – https://vk.com/public220066330

Like , Share, Followe, Subscribe, Jion လုပ်ပေးကြပါအုံးနော် –
ကျေးဇူးတင်ပါတယ်။

PAN