လဝက ဝန်ထမ်း အလုပ်ခေါ်ပြီ


မတ် ၂

ဝန်ကြီးရုံး ဦးစီးဌာန ပြည်နယ်နှင့်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးများ၌ တာဝန်ထမ်းဆောင်ရမည့် လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အလုပ်ခေါ်ယူမှု ပြုလုပ်ထားသည်။

လစာနှုန်း ၁၈၀၀၀၀/၂၀၀၀/၁၉၀၀၀၀ ဖြစ်ပြီးအမျိုးသားဝန်ထမ်း ၁၂၀ဦးအမျိုးသမီးဝန်ထမ်း၃၀ ဦးခေါ်ယူခန့်ထားမည်ဟုသိရသည်။

ဝန်ထမ်းလျောက်လွှာများကို ယခုနှစ်မတ်လ ၅ ရက်နောက်ဆုံးထား၍ လာရောက်ထုတ်ယူ နိုင်ကြပြီးသက်ဆိုင်ရာ တိုင်း/ပြည်နယ်ရုံးများသို့ တိုက်ရိုက်လျောက်ထား ကြရမည် ဖြစ်သည်။

အမျိုးသား အရပ် ၅ ပေ ၃ လက်မ အသက်၁၈နှစ်မှ၂၆နှစ်အတွင်း၊ အမျိုးသမီးဝန်ထမ်းမှာ အရပ် ၅ပေ၁လက်မ ထက်မနိမ့်သူဖြစ်ရမှာဖြစ်ပြီး လျောက်ထားသူသည်၊ တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားပြီးသူဖြစ်ရမည်။

စာမေးပွဲစစ်ဆေးမှုအောင်မြင်ပြီးနောက် ကွန်ပြူတာကျွမ်းကျင်မှုထပ်မံဖြေဆိုအောင်မြင်သူကိုအလုပ်တိုက်ရိုက်ခန့်ထားမည်ဟုလည်း သိရသည်။

လျောက်လွှာကန့်သတ်ရက် နီးကပ်နေ၍ စိတ်ဝင်စားသူများ အမြန်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။