မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများကိုယ်တိုင် ဦးစီးသင်ကြားမည့် နွေရာသီဘောလုံးအားကစားသင်တန်းဖွင့်မည်


မတ် ၂

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများကိုယ်တိုင် ဦးစီးသင်ကြားမည့် နွေရာသီဘောလုံးအားကစားသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြန်မာလက်ရွေးစင်အားကစားသမားဟောင်းများဖြစ်သည့် နေလှိုင်၊ သက်ပိုင်ဦးကျော်ဇင်ထက် တို့ ဦးစီးသင်ကြားမည်ဖြစ်ပြီးမတ်လ၄ ရက်နေ့မှ စတင်ကာ တနင်္လာနေ့ နှင့် အင်္ဂါနေ့ ညနေ ၄ နာရီ မှ ၆ နာရီ အထိ သုဝဏ္ဏ ဖူဆယ်မြက်ခင်းတုကွင်းတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၅ နှစ် မှ ၁၄ နှစ် အထိ ( ကျား ၊ မ) မည်သူမဆိုတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)လဖြစ်ကာ သင်တန်းကြေးမှာ ပထမတစ်လလျှင် Basic – ၉၀,၀၀၀ ကျပ် Premium – ၁၂၀,၀၀၀ ကျပ် (အင်္ကျီ+ဘောင်းဘီ တစ်စုံ) Classic – ၁၅၀,၀၀၀ ကျပ် (အင်္ကျီ + ဘောင်းဘီ + ဖိနပ်+ ခြေအိတ် တစ်စုံ) ဖြစ်ပြီး နောက်လများတွင် သင်တန်းကြေး တစ်လလျှင် ၉၀၀၀၀ ကျပ်သာ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေ ကန့်သတ်မှု အနည်းငယ်ရှိတာကြောင့်စာရင်းသွင်းရန်အတွက် “Myanmar Football Academy ” Facebook Page Messenger မှတစ်ဆင့်ဆက်သွယ်စာရင်းသွင်းနိုင်သကဲ့သို့ ဖုန်းနံပါတ် 09 43066763 မှလည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

VK – https://vk.com/wall-220066330_5475
Like , Share, Followe, Subscribe, Jion လုပ်ပေးကြပါအုံးနော် –
ကျေးဇူးတင်ပါတယ်။

PAN