န်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများကို ကျန်းမာရေးစစ်ဆေးမည်

မတ် ၂

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများကို မတ်လ (၁) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံခြားသား ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ (ကိုဗစ်-၁၉ ရောဂါ အပါအဝင်) ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များအား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ပြီး၊ မိမိတို့ရောက်ရှိရာ ဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်းလည်း သိရသည်။ကျန်မာရေးအာမခံ ဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း website Myanmar Insurance (mminsurance.gov.mm) တွင် လေ့လာဝယ်ယူနိုင်ပြီး  ခရီးသည်များအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ကာ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံခြားသား ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ (ကိုဗစ်-၁၉ ရောဂါ အပါအဝင်) ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်များအား မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ပြီး၊ မိမိတို့ရောက်ရှိရာ ဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျန်မာရေးအာမခံ ဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း website Myanmar Insurance (mminsurance.gov.mm) တွင် လေ့လာဝယ်ယူနိုင်ပြီး  ခရီးသည်များအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်ဖြစ်ကာ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

#PAN