အသံထက်မြန်သည့် လက်နက်သစ်များကို လက်နက်ကိုင်တပ်များတွင် ဖြန့်ကြက်ထားဟု ပူတင်ပြော


ရုရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်းက ဖော်ထုတ်ပြသခဲ့သည့် အသံထက်မြန် လက်နက်သစ်များ ကို ယခုအခါ လက်နက်ကိုင်တပ်များတွင် ဖြန့်ကြက်ထားနိုင်ပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၉ ရက်က ပြောသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် အသံ ထက်မြန် စက်မဲ့လေယာဉ်များနှင့် ဒုံးကျည်များကို လက်နက်ကိုင်တပ်ဖွဲများ၌ အသုံးပြုလျက်ရှိကြောင်း သမ္မတ ပူတင်က မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

လက်နက်ကိုင်တပ်များတွင် ဖြန့်ကြက်အသုံးပြုနေသည့် အသံထက်မြန်လက်နက်များတွင် Kinzhal ဒုံးကျည်များ၊ Avangard စက်မဲ့လေယာဉ်များ ပါဝင်သည်။

ရုရှားတပ်များသည် ယခုအခါ Kinzhal နှင့် Tsirkon အသံထက်မြန်ဒုံးကျည်များကို စစ်ပွဲ၌ ရန်သူ၏အရေးကြီးပစ်မှတ်များအား တိုက်ခိုက်ရာ၌ အသုံးပြုလျက် ရှိသည်။

ရုရှားနိုင်ငံသည် Tsirkon အသံထက်မြန် ဒုံးကျည်မှအပ ကျန်လက်နက်အသစ်များကို ၂၀၀၈ ခုနှစ် မတ်လ အတွင်း က ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် ရုရှားနိုင်ငံသည် မကြာမီကာလအတွင်း၌ ၎င်းတို၏ မဟာ ဗျူဟာမြောက် အကြီးစားတိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များအား မြေအောက်သိုလှောင်ရုံများ၌ ရိုက်ကူးထားသည့် ဗီဒီယိုပြကွက်များကိုလည်း ထုတ်ဖော်ပြသရန် စီစဉ်လျက်ရှိသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။