အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်


အနောက်ဘက်ကမ်းခြေဒေသရှိ ဂါဇာစီးတီးတွင် အကူအညီများရရှိရေးအတွက် စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းလူအုပ်အတွင်းသို အစ္စရေးတပ်များက ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လူ ၁၀၀ ကျော်သေဆုံးခဲ့ခြင်းကြောင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် သေဆုံးသူ ပါလက်စတိုင်းဦးရေမှာ ၃၀,၀၀၀ ကျော် အထိ မြင့်တက်လာကြောင်း ပါလက်စတိုင်းကျန်းမာရေး အာဏာပိုင် အဖွဲက ထုတ်ပြန်ထားကြောင်းသိရသည်။

အစ္စရေးတပ် များသည် ပါလက်စတိုင်းအာဏာပိုင်များက ကနဦး ထုတ်ပြန်ထားသော်လည်း အစ္စရေးတပ်များက ကုန်တင်ကား များပေါ်မှ ဂျုံမှုန့်များနှင့် စည်သွတ်ဘူးများကို ဆွဲချနေသူများအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ များက နောက်ပိုင်းတွင် ပြောသည်။

အစ္စရေးတပ်များ၏ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ အစ္စရေးစစ်ဘက်က ဝန်ခံပြောကြားထားသော်လည်း ယင်းသို လုပ်ဆောင်ရခြင်းမှာ ပါလက်စတိုင်းပြည်သူများ၏ ခြိမ်းခြောက်သည့် အပြုအမူကြောင့် ယခုကဲ့သို လုပ်ဆောင် ခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသူ ပါလက်စတိုင်းပြည်သူအရေအတွက်မှာ ၃၀,၀၃၅ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာ ရရှိသူ ဦးရေမှာ ၇၀,၀၀၀ ကျော်ပြီ ဖြစ်ကြောင်း ပါလက်စတိုင်းအစိုးရက ထုတ်ပြန်သည်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲဖြစ်သည့် ဟားမတ်စ်အဖွဲသည် အစ္စရေးနိုင်ငံတောင်ပိုင်းသို စတင်တိုက်ခိုက်ခဲ့ရာမှ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါစစ်သွေးကြွအဖွဲသည် ဓားစာခံ ၁၀၀ ခန့် ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။