FAဖလားကွာတားဖိုင်နယ်ပွဲစဉ်များ ထုတ်ပြန်

ဖေဖော်ဝါရီ ၂၉

FAဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို မနေ့က ရေးဆွဲထုတ်ပြန်ခဲ့ပြီး ယင်းပွဲစဉ်များကို မတ်လ ၁၆ ရက် ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။

FAဖလား လက်ရှိချန်ပီယံ မန်စီးတီးက နယူးကာဆယ်နဲ့ တွေ့ဆုံပြီး FA ဖလား (၁၂) ကြိမ်ဗိုလ်စွဲထားတဲ့ မန်ယူကတော့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့လီဗာပူးနဲ့ ကစားသွားမည်ဖြစ်ပါတယ်။

ဒီရာသီရဲ့ တစ်လုံးတည်းသော ဖလားကိုသာ မျှော်လင့်နေရတဲ့ M.Pochettino ရဲ့ ချယ်လ်ဆီးက ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ လက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

FA ဖလား (၄) ကြိမ်ဗိုလ်စွဲထားတဲ့ ဝုဗ်က (၁၅) နှစ်အကြာ ကွာတားဖိုင်နယ်ကို တစ်ကျော့ပြန်လည် ရောက်ရှိလာတဲ့ ကိုဗင်ထရီနဲ့ ကစားသွားမည်ဖြစ်ပါတယ်။