ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ Daiozu Memorial Foundation ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာ


ဖေဖော်ဝါရီ ၂၈

၂၀၂၄ ခုနှစ်အတွက် Daiozu Memorial Foundation မှ ပေးအပ်မည့် ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း တိုကျိုမြိုရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားကြေင်း သိရှိရသည်။

အဆိုပါ ပညာသင်ဆုကို Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀)အောက်ရှိသူများ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်မည်ဖြစ်ကြေင်း သိရှိရသည်။

ပညာသင်ဆု ချီးမြှင့်ရန်အတွက် နိုင်ငံတကာ ကျောင်းသား ၂၅ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးကို တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀/-(တစ်လလျှင် ယန်း ၃၀,၀၀၀) နှုန်းဖြင့် တစ်နှစ်လျှင် ၂ ကြိမ် ပေးအပ်သွားမည်ဖြစ်ကြေင်း သိရှိရသည်။

သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လျှောက်ထားလိုသူများအနေဖြင့် မတ်လ (၁) ရက်နေ့မှ မေလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ http://www. daiohs-zaidan.or.jp သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များအား သိရှိလိုပါက [email protected] သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။