အယူခံဝင်မှု အောင်မြင်ခဲ့တဲ့ အဲဗာတန်

ဖေဖော်ဝါရီ ၂၇

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသည့် အဲဗာတန်အသင်းသည် အယူခံဝင်မှု အောင်မြင်ခဲ့သည့်အတွက် (၁၀)မှတ်လျှော့ပြစ်ဒဏ်မှ (၆)မှတ်လျှော့ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက FFP စည်းမျဉ်းတွေနဲ့ မလွတ်ကင်းခဲ့တာကြောင့် ၁၀ မှတ်လျော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အယူခံဝင်ခဲ့ကာ အောင်မြင်သွားခဲ့ပါတယ်။

ထို့ကြောင့် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၁၅)နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။