အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးများက ၂၀၂၂ ခုနှစ် မတိုင်မီကတည်းက ယူကရိန်းတွင် ခြေကုပ် ယူထား


ဖေဖော်ဝါရီ ၂၇

အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးများ ၂၀၂၂ ခုနှစ်မတိုင်မီ ကတည်းက ယူကရိန်းနိုင်ငံတွင် ခြေကုပ် ယူထားခြင်းဖြစ်ကြောင်း ယူကရိန်းနှင့် အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ The New York Times သတင်းဌာနက ဖော်ပြထားသည်။

ထိုပြင် အမေရိကန်သည် ပြီးခဲ့သည့် ရှစ်နှစ်အတွင်း ထောက်လှမ်းရေး စခန်း ကွန်ကရက်တစ်ခုကို ဖန်တီးထားကြောင်း၊ ထိုအထဲတွင် ရုရှားအပေါ် ထောက်လှမ်းရေး လုပ်နိုင်ရန် နယ်စပ် တစ်လျှောက်၌ ဖြန့်ကြက်ထားသော ရှေ့တန်းစစ်ဆင်ရေးစခန်း ၁၂ ခုလည်း ပါဝင်ကြောင်း သတင်းဌာန၏ ဖော်ပြ ချက်တွင် တွေ့ရသည်။

အလားတူ အဆိုပါထောက်လှမ်းရေးအဖွဲများသည် ယူကရိန်းအတွက် ထောက်လှမ်းရေးများကိုလည်း လေ့ကျင့်မှုများပေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။

မာရီယာ က CIA ထောက်လှမ်းရေးများကို လေ့ကျင့်ပေးရာမှာ ယူကရိန်းကို ကူညီပေးခြင်းသာမက စစ်သွေးကြွ များ၊ အစွန်းရောက်များ၊ အကြမ်းဖက်သမားများနှင့် လူမိုက်၊ လူရမ်းကားများကို မွေးထုတ်ပေးနေတာကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

ထိုကဲ့သို ရုရှား နယ်စပ် တစ်လျှောက်တွင် ထောက်လှမ်းရေးစခန်းများ ဖွင့်လှစ်ခြေကုပ်ယူမှုနှင့်ပတ်သက်၍ ရုရှားက အကြိမ်ကြိမ် ထောက်ပြခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုရှားအနေဖြင့် ထိုကဲ့သိုသော အခြေအနေများနှင့် ပတ်သက်၍ အကြိမ်ကြိမ်ပြောဆိုမှုများ လုပ်ခဲ့သော် လည်း The New York Times သတင်းဌာနက ယခုမှထုတ်ဖော်ပြောခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်သတင်းဌာနများအနေဖြင့် မည်သည့်အတွက်ကြောင့် နှုတ်ဆိတ်နေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထောက်ပြထားသည်။

၂၀၁၆ ခုနှစ်ဝန်းကျင်တွင် CIA အဖွဲ ယူကရိန်းကွန်မန်ဒိုအဖွဲဖြစ်သော Unit 2245 ကို ရုရှား အပေါ် နှောင့်ယှက်မှုများ လုပ်နိုင်စေရေးအတွက် လေ့ကျင့်မှုများပေးခဲ့ကြောင်း The New York Times သတင်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Sputnik သတင်းဌာနက ရေးသားထားသည်။