“တိရစ္ဆာန်ဥယျာဉ် ၃ ခု၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့ရဲ့ လုပ်ငန်းများကိုပုဂ္ဂလိကသို့ ၁၀ နှစ် ငှားရမ်းမယ်” 

ဖေဖော်ဝါရီလ ၂၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များ ဌာနလက်အောက်ရှိ  တိရစ္ဆာန်ဥယျာဉ် ၃ ခု၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းတို့ရဲ့ လုပ်ငန်းများကို ပုဂ္ဂလိကသို့ ၁၀ နှစ် နှစ်ရှည်ငှားရမ်းသွားခွင့်ပေးမှာ ဖြစ်တဲ့အတွက် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် အိတ်ဖွင့် တင်ဒါ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ဖိတ်ခေါ်ချက်အရ  တိရစ္ဆာန်ဥယျာဉ်များဌာနလက်အောက်ရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)၊ နက္ခတ်တာရာပြခန်း(နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တို့ရဲ့ လုပ်ငန်းများလုပ်ကိုင်ခွင့်ကိုငှားရမ်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများလုပ်ကိုင်ခွင့်ကိုတော့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှစ၍ အတွဲလိုက် Package စနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၁၀ နှစ်တာနှစ်ရှည်ငှားရမ်းမှာ ဖြစ်ကြောင်း၊ အစိုးရအသိအမှတ်ပြု ကုမ္ပဏီများမှ ငှားရမ်းမှုအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ ဈေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်တွေကိုလည်း ဖေဖော်ဝါရီလ ၁၆ ရက်မှစပြီး ရုံးချိန်အတွင်း  တိရစ္ဆာန် ဥယျာဉ်များ ဌာန၊ သစ်တောဦးစီးဌာန၊ ရုံးအမှတ် (၃၉) နေပြည်တော်မှာ တင်ဒါပုံစံများကိုရောင်းချပေးနေပြီး လာမယ့်မတ်လ ၁ ရက်မှာ တင်ဒါများနောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမှာဖြစ်ကာ လုပ်ကိုင်ခွင့်အတွက် တင်ဒါစိစစ်ရွေးချယ်ခြင်းကို မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီအချိန်၌ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews