အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်သွားတဲ့ ဘရော်နီကာ

ဖေဖော်ဝါရီ ၂၆

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ မနေ့ညက ထိုးသတ်ခဲ့တဲ့ ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်နှင့်ပွဲစဉ်တွင် အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်တွင် ဘရော်နီကာက သုံးချီလုံး လက်ရည်အသာစီးထိုးသတ်ကစားနိုင်ခဲ့သော်လည်း သုံးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာ ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်က အငြင်းပွားဖွယ် ဒိုင်အမှတ်ဖြင့်အနိုင်ရခဲ့ပါတယ်။

“အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး”ဟု ဘရော်နီကာက ပွဲစဉ်အပြီးတွင် သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။

ဘရော်နီကာဟာ(၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင်ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်ကာ အဆိုပါရှုံးပွဲကြောင့် နိုင်ပွဲဆက်နေမှုလည်း ရပ်တန့်သွားခဲ့ရပါတယ်။

ဘရော်နီကာက One Championship နှင့် လက်တွဲတော့မည်ဟု သတင်းထွက်ပေါ်နေချိန်တွင် ထိုင်းမွေထိုင်းဘက်မှ ယခုကဲ့သို့ အငြင်းပွားဖွယ်ရလဒ်ကြောင့် မေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့ပါတယ်။