ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာအနီး အမျိုးသား ၁ ဦးအား ဓားရှည်ဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၂၆

ယမန်နေ့ ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာအနီးတွင် အမျိုးသား ၁ ဦးကို ဓားရှည်ဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ လုယက်ခံရသူသည် ကုမ္ပဏီ(အမည်မသိ)အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ခင်းပိုင်းက ကျောက်၀ိုင်းသို့သွားရန် ဆိုင်ကယ်အမျိုးအစား CANDA (125)မောင်းနှင်လာစဉ် လမ်းတွင် ကြိုတင်စောင့်ဆိုင်းနေသည့် လူငယ်အမျိုးသား ၃ ဦးက ဓါးရှည်များဖြင့်၀ိုင်းခုတ်ကာ ဆိုင်ကယ် လုယူခြင်းခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဓါးခုတ်ခံရသည့် လူငယ်မှာ ဒဏ်ရာပြင်းထန်မှုမရရှိပဲ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဆိုင်ကယ် လုယက်ခံလိုက်ရကြောင်း ဒေသသခံများထံမှ သိရှိရသည်။

#PAN