ပြည်ပထွက်မယ့်သူတွေအတွက် အသေးသုံး နိုင်ငံခြားငွေသားတွေ ရောင်းချပေးနေကြောင်း ဗဟိုဘဏ် ထုတ်ပြန်


ဖေဖော်ဝါရီ ၂၆

ပြည်ပထွက်ခွာမယ့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေသားများကို လိုင်စင်ရဘဏ်များရဲ့ Money Changer ကောင်တာတွေမှာ ပုံမှန်ရောင်းချပေးနေတယ်လို ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

AD လိုင်စင်ရဘဏ်များရဲ့ Money Changer ကောင်တာများမှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ် မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နဲ့ ဂျပန်ယန်းတိုကို ပုံမှန်ရောင်းဝယ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။

ပြည်ပအမှန်တကယ်ထွက်မယ့်သူများကို အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန် လေဆိပ်(ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ ၃ ခုမှာ AD လိုင်စင်ရဘဏ်များက နေ့စဉ်အလှည့်ကျ ရောင်းချ ပေးနေတယ်လို သိရပါတယ်။

လေဆိပ်ကောင်တာများအပြင် CB Bank PCL၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အင်းဝဘဏ်၊ အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ်၊ AYA Bank PCL၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် ရိုးမဘဏ်နဲ့ ဧရာဝတီတောင်သူလယ်သမားများဖွံဖြိုးရေးဘဏ်တိုမှာလဲ ဝယ်ယူနိုင် တယ်လို ကြေညာထားပါတယ်။

ပြည်ပသို သွားရောက်အလုပ်လုပ်မယ့်သူ၊ ဆေးကုမယ့်သူနဲ့ ပညာသင်သွားရောက်မယ့်သူများကို ၂၀၂၃ခုနှစ် မေလပိုင်းနဲ့ ပြည်ပသို ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပအစိုးရနဲ့ အသင်းအဖွဲများရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေး တက်မယ့်သူများကို ၂၀၂၃ခုနှစ် ဩဂုတ်လတိုမှာ စတင်ပြီး တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ခန့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။