ကောလင်းမြို့နယ်၊ ကျောက်တန်းဒေသတွင် နယ်မြေရှင်းလင်း‌ရေးစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ၍ ခရီးသွား ယာဉ် ၁၀၀ ကျော် ပိတ်မိ


ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျောက်တန်းဒေသတွင် နယ်မြေရှင်းလင်း‌ရေးစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးဘက်သို့ဆင်းလာသည့် ခရီးသည်တင်ယာဉ်များ သွားလာခွင့်မရတော့ကြောင်း၊ လမ်းပိတ်ဆို့ထားသည်မှာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။

မန္တလေးဘက်မှ မြစ်ကြီးနားသို့တက်လာသည့် ခရီးသည်ယာဉ်များလည်း ရွှေဘိုမြို့နယ်၊ စပါယ်နံ့သာတွင် ပိတ်ဆို့ထားပြီး၊ မြစ်ကြီးနားဘက်ဆင်းသွားသည့် ကားများမှာလည်း အင်းတော်နှင့် မဲဇာတောင်ခြေအနီးတဝိုက်၌ လမ်းကြောင်းများပိတ်ထားသဖြင့် မော်တော်ယာဉ်အစီး ၁၀၀ ကျော်ခန့်သည် နန့်စီးအောင် စစ်ဆေးရေးဂိတ်အနီးတွင် ပိတ်မိနေကြောင်း ယာဉ်မောင်းအချို့ထံမှ သိရှိရသည်။

#PAN