၁၉၇၁ ခုနှစ်ကတည်းက နစ်မြုပ်သွားသည့် ပါကစ္စတန်ရေငုပ်သင်္ဘောကို အိန္ဒိယရေတပ်တွေ့ရှိ


ဖေဖော်ဝါရီ ၂၅

၁၉၇၁ ခုနှစ်တွင်ဖြစ်ပွားသော အိမ်နီးချင်းနိုင်ငံများနှင့်စစ်ပွဲအတွင်း နစ်မြုပ်သွားခဲ့သည့် ပါကစ္စတန်နိုင်ငံမှ ရေငုပ်သင်္ဘောကို အိန္ဒိယရေတပ်က ရှာဖွေတွေ့ရှိကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။

PSN Ghazi အမည်ရှိ အဆိုပါရေငုပ်သင်္ဘောသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းအလွန် ၂ ကီလို မီတာအကွာ ရေအောက်အနက် မီတာ ၁၀၀ ခန့်၌ တည်ရှိနေသည်ကို အိန္ဒိယရေတပ်မှ ရေအောက်ကယ်ဆယ် ရေးယာဉ်က တွေ့ရှိရခြင်းဖြစ်သည်။

သိုသော် စစ်ပွဲအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများကို လေးစားသောအားဖြင့် ထိုရေငုပ်သင်္ဘောကို ဆယ်ယူခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၇၁ ခုနှစ်တွင် အရှေ့ပါကစ္စတန်သည် လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်သို ရောက်ရှိလာစေသည့် စစ်ပွဲ ပြီးဆုံးသောနှစ်ဖြစ်ပြီး အဆိုပါ ရေငုပ်သင်္ဘာနစ်မြုပ်မှုသည် ထိုစစ်ပွဲ၏ အရေးပါသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

PSN Ghazi သည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြိုမှ ထွက်ခွာလာခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဆိပ်ကမ်းမြိုဖြစ်သော ဗီဇက်မြိုသို ရောက်ရှိအောင် ကီလိုမီတာ ၄,၈၀၀ ခန့်ကို ခရီးနှင်လာခြင်းဖြစ်သည်။

အဆိုပါရေငုပ်သင်္ဘာသည် မူလက အမေရိကန်ရေတပ်အတွက် ၁၉၄၄ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ သည့် ရေငုပ်သင်္ဘာဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် အမေရိကန်က ပါကစ္စတန်သို အငှားချပေးလိုက်ခြင်းဖြစ်သည်။

ထိုနောက် ရေမြုပ်မိုင်းများထောင်ရန်နှင့် အိန္ဒိယ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော INS Vikrant ကိုဖျက်ဆီးရန် ရည်မှန်းချက်များဖြင့် ထွက်ခွာလာစဉ် ဖျက်ဆီးနှစ်မြုပ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။