ပင်လည်ဘူးမြို့နှင့်တန့်ဆည်မြို့နယ်တို့တွင် နယ်မြေတည်ငြိမ်ရေး အကြမ်းဖက်ရှင်းလင်းရေး စစ်ကြောင်းထိုးရှင်းလင်းရာ အကြမ်းဖက်အလောင်းများ၊လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၂၅
ယနေ့ ပင်လယ်ဘူးမြို့ကို နယ်‌မြေရှင်းလင်းရေး ကွန်မန်ဒိုစစ်ကြောင်းသည် တန်ပြန်ထိုးစစ်ဆင်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အလောင်းများ ၊လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသလို တန့်ဆည်မြို့နယ် တန့်ဆည်မြို့နယ် ၊ကံထူးမကျေးရွာတွင်လည်း အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ပင်လယ်ဘူးမြို့ထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အလောင်း ၁၅ လောင်း၊ စနိုက်ပါ ၁ လက်၊ M-22 ၁ လက်၊ M-21 ၅ လက် သိမ်းဆည်းရမိကြောင်းသိရှိရသလို နယ်မြေရှင်းလင်းရေးလုံးခြုံရေးအဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိကြောင်းသိရှိရပါသည်။

ထိုအတူ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတွင်လည်း ယမန်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် PDF များမှ တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ
အကြမ်းဖက်အဖွဲ့များထံမှ ကေအေသေနတ် ၁ လက် ၊အမ်အေသေနတ် ၁ လက်၊ ဒရုန်း ၁ စီး၊ မြေကော်ယာဉ် ၁ စီး၊ကျည်အိမ် ၂ ခုတို့ကို သိမ်းဆည်းရမိပြီး ၎င်းတို့၏အကြမ်းဖက်အ‌လောင်းများကို ဆွဲယူကာ ဆုပ်ခွာထွက်ပြေးသွားကြ‌
ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသအတွင်းရှိ နယ်မြေရပ်ရွာများ ပြန်လည်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးနိုင်ရေးအတွက် ရည်မှန်းချက်ချကာ တပ်မတော်စစ်ကြောင်းစစ်ဖွဲ့များက အရှိန်ဟုန်တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက်အဖွဲ့များ၏ စခန်းများ၊၎င်းတို့၏ရုပ်အလောင်းများ ၊လက်နက်ခဲယမ်းများ နေ့စဉ်လိုလို ရရှိကာ သိမ်းပိုက်မှုများရှိလာ၍ ဒေသတွင်းပြည်သူများကလည်း အားရဝမ်းသာစွာ ရှိလာနေကြကြောင်း၊လျှိုဝက်သတင်းပေးပို့မှုများပြားလာကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews