ကလေးမြို့နယ် အောင်မြင်သာကျေးရွာအနီး အကြမ်းဖက် CNDF/PDF များ၏ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဖေဖော်ဝါရီ ၂၅

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ကလေးမြို့နယ်၊ အောင်မြင်သာကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CNDF/PDF များခိုးအောင်းလှုပ်ရှားနေရာများကို သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များ၏ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှ်ိရသည်။

CNDF/PDF အကြမ်းဖက်အဖွဲ့များသည် နယ်မြေရှင်းလင်းရေးစစ်ကြောင်း ၎င်းတို့အနီး ဦးတည်လာချိန်တွင် ရုတ်တရက် ကိုယ်အလွတ်ရုန်းကာ ထွက်ပြေးသွားကြပြီး ၎င်းတို့ထံမှ AK ကျည် ၉၁ တောင့်၊ ၁၂ ဗို့ကျည် ၉ တောင့်၊ ၄၀ မမ လက်လုပ်ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ AK ကျည်အိမ် ၂ ခု၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#PAN