လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမယ့် တိုနီကရူးစ်

ဖေဖော်ဝါရီ ၂၃

ယူရို-၂၀၂၀ ပြိုင်ပွဲအပြီး လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သည့် ဂျာမနီကွင်းလယ် ကစားသမား တိုနီကရူးစ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် နိုင်ငံအသင်းအတွက် ပြန်လည်ကစားပေးမည်ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ကရူးစ်အနေဖြင့် မတ်လ၌ကစားမည့် ပြင်သစ်၊ နယ်သာလန်အသင်းများနှင့်ကစားမည့် ခြေစမ်းပွဲများတွင် ပြန်လည်ပါဝင်လာမည်ဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ မတ်လ (၂၃) ရက်နေ့မှာ ပြင်သစ် ၊ မတ်လ (၂၆) ရက်နေ့မှာ နယ်သာလန် တို့နဲ့ ခြေစမ်းပွဲတွေ အသီးသီးကစားသွားရဖို့ ရှိနေပါတယ်။