NATO က ရုရှားနှင့်ဘယ်လာရုနယ်စပ်များအနီး စစ်သည် ၃၂,၀၀၀ ခန့် ဖြန့်ကြက်ချထား



ဖေဖော်ဝါရီ ၂၂

NATO တပ်ဖွဲက စစ်သည်အင်အား ၃၂,၀၀၀ ခန့်၊ သံချပ်ကာယာဉ် အစီး ၁,၀၀၀ ကျော်၊ လေယာဉ်နှင့် ရဟတ်ယာဉ် ၂၃၅ စင်းတိုကို ရုရှားနှင့်ဘယ်လာရု နယ်စပ်များအနီး ဖြန့်ကြက်ထားခဲ့ကြောင်း ဘယ်လာရုသမ္မတ အလက်ဇန်းဒါးလူကာရှန်ကို က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောသည်။

ဘယ်လာရုသမ္မတ လူကာရှန်ကို က ၎င်းတို၏ နယ်စပ်အပါအဝင် ဥရောပဒေသများ အခြေအနေသည် အေးချမ်းသာယာလာမည်မဟုတ်ဘဲ ဘယ်လာရုနှင့် ရုရှားနယ်စပ်တစ်လျှောက်တွင် စစ်သည်များ၊ သံချပ်ကာ၊ အမြောက်နှင့် စိန်ပြောင်းများ ဖြန့်ကြက် ထားရှိခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ မော်ဒိုဗာ၊ ဂျော်ဂျီယာနှင့် ဆားဗီးယားဒေသတိုသည် NATO တပ်ဖွဲသို ဆွဲသွင်းခြင်းခံရမည် ဖြစ်ကြောင်း၊ ယူကရိန်းတွင် ဖြစ်ပေါ်ခဲ့သောအခြေအနေအတိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း လူကာရှန်ကို က ဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားနိုင်ငံ၏အနောက်ဘက် နယ်စပ်ဒေသအနီး၌ NATO တပ်ဖွဲ၏ မကြုံစဖူးသော လှုပ်ရှားမှုများကို ရုရှားက မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ထိုပြင် ရုရှားနိုင်ငံသည် အဆိုပါအဖွဲ၏ ဥရောပဒေသအတွင်း စစ်အင်အားတည်ဆောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။

ရုရှားနှင့်ယူကရိန်းတိုကြား ပဋိပက္ခဖြစ်ပွားစဉ်တွင်လည်း NATO အဖွဲက ယူကရိန်းကို စစ် လက်နက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။ အနောက်အုပ်စုက ယူကရိန်းသို ထောက်ပံ့ပေးသော စစ် လက်နက်ပစ္စည်းများ အားလုံးသည် တရားဝင် စစ်ရေးပစ်မှတ်များဖြစ်လာမည်ဖြစ်ကြောင်း ရုရှားက သတိပေး ထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN