ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ တူချယ်လ်

ဖေဖော်ဝါရီ ၂၂

ရလဒ်တွေ ဆိုးရွားနေတဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီကုန်တွင် နည်းပြ တူချယ်လ်နှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

တူချယ်လ်၏စာချုပ်မှာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိသော်လည်း နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးနောက် နွေရာသီတွင် လမ်းခွဲရန် သဘောတူခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က နည်းပြ တူချယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်ကို ၃-၀ ဂိုး၊ ချန်ပီယံလိဂ်မှာ လာဇီယိုကို ၁-၀ ဂိုး၊ တနင်္ဂနွေနေ့က ဘိုချမ်ကို ၃-၂ ဂိုးတွေနဲ့ ဆက်တိုက်ရှုံးနေခဲ့ပါတယ်။

ဒီလို စိတ်ပျက်စရာ ရလဒ်ဆိုးတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းက နည်းပြတူချယ်လ်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။