ပေါ်တိုကစားသမား Galeno ရဲ့ နောက်ကျသွင်းဂိုးကြောင့် ရှုံးနိမ့်သွားတဲ့ အာဆင်နယ်

ဖေဖော်ဝါရီ ၂၂

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်အဖြစ် နည်းပြ မီခေးလ် အာတေတာရဲ့ အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရပြီး အိမ်ရှင်အသင်းရဲ့ နောက်ကျဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ အဆိုပါပွဲစဉ်တွင် Shot On Target တစ်ကြိမ်မှ မရှိခဲ့သလို အာတေတာလက်ထက် ယခုနှစ်ရာသီ ပထမဆုံးအကြိမ် စံချိန်ဆိုးကို ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။

ပေါ်တိုရဲ့ ပီပီဦးဆောင်နေတဲ့ ခံစစ်ပိုင်းက အာဆင်နယ်ရဲ့ မာတင်နယ်လီ၊ ဆာကာ၊ အိုဒီဂတ်၊ ဒီကလန်ရိုက်စ်တို့ကို တစ်ချက်မှ အလွတ်မပေးဘဲ လူကပ်ကစားခဲ့တာကြောင့်လည်း နည်းပြအာတီတာရဲ့အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပါတယ်။