အမျိုးသမီးများ စစ်မှုထမ်းခေါ်ယူရန် လက်တလော အစီအစဉ်မ


ဖေဖော်ဝါရီလ ၂၁

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အမျိုးသမီးများအား လက်တလော ခေါ်ယူရန် မရှိသေးကြောင်း SAC InfoTeam က မိုဘိုင်းဖုန်းများသို့ စာတိုပေးပို့ ထုတ်ပြန်လိုက်သည်။

ပြည်သူလူထုကြားတွင် ကောလဟလများထွက်ပေါ်နေသည့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ရာတွင် ထုတ်ပြန်ချက်များတွင် အပတ်စဉ် ၅ မှစတင်ကာ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူမည်ဟု သိရသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ ရှောင်ရှားလိုသူများသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးပန်းမှုနှင့် အခြားနည်းတစ်ရပ်ရပ်ဖြင့် ရှောင်လွဲရန် ကြိုးပမ်းနေမှုများလည်းရှိသည်။

အဆိုပါဥပဒေအရ နိုင်ငံသားတိုင်းအသက်ပြည့်မှီပါက စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး ရှောင်လွှဲရန်ကြိုးစားမည်ဆိုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ပြည်ပထွက်ခွာသူများ ပညာသင်ကြားနေသူများနှင့် ယာယီရွှေ့ဆိုင်းသူများသည်လည်း သက်တမ်းပြည့် ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

PAN