တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ “ရွှေလင်းယုန်”ဂေါက်ကွင်းအနီး မောင်းနှင်နေသည့် မော်တော်ယာဥ် တစ်စီး ပေါက်ကွဲမှုဖြစ်ပွား

ဖေဖော်ဝါရီ ၂၁

      ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ၊တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ဗိုလ်ချုပ်လမ်းမဘေး “ရွှေလင်းယုန်” ဂေါက် ကွင်းအနီး၌ Isuzu D-max အဖြူရောင် မော်တော် ယာဉ်သည် သွားလာနေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီး ကားမောင်းလာသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

      ပေါက်ကွဲမှုမှာ ယာဉ်မောင်း ယာဆူ မောင်းနှင်သည့် ယာဉ်အမှတ် SHN-12 1R-5052 Isuzu D-max အဖြူရောင် မော်တော် ယာဉ်ဖြစ်ပြီး မြို့တွင်းဘက်မှ ဟောင်လိတ်ဘက်သို့ မောင်းနှင်လာစဉ်ပေါက်ကွဲမှု ဖြစ်သည်။

       ပေါက်ကွဲရသည့် အကြောင်းအရင်းအား သက် ဆိုင်ရာ နယ်မြေတာဝန်ရှိသူများမှ စုံစမ်းဆဲ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်း ယာဆူတွင် ယာမျက် လုံးအောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာနှုတ်ခမ်းအောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဆီးခုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက် အောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာဗိုက်ပေါက်ထွက် ဒဏ်ရာ ၁ ချက်၊ ဝဲဘက် လက် ချောင်း ၂ ချောင်းကြေဒဏ်ရာ (လက် ညှိုး၊ လက်ခလယ်) ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းမောင်းလာသည့် မော်တော်ယာဉ် ခေါင်းပိုင်းအမိုးပွင့်၊ မှန်တံခါးများပျက်စီးခဲ့သည်ဟု မျက်မြင်တစ်ဦးက ဆိုသည်။

      ဒဏ်ရာရရှိသူအား တာချီလိတ်ခရိုင်ပြည်သူ့ ဆေး ရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းဒေသသတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

      အတည်မပြုရသေးသော သတင်းများအရ  ယာဥ်မောင်းမှာ ဟောင်လိတ်ရဲစခန်းမှ နယ်ထိန်းရဲတပ်သားဖြစ်ပြီး အဆိုပါယာဥ်ပေါ်တွင် ၎င်းရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် အမျိုး သမီး တစ်ဦးတို့ လိုက်ပါလာကြသည်ဟု ဆိုသည်။ ၎င်းတို့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ထောင်းလော်ကာရာအိုကေဆိုင်မှ ဟောင်လိတ်သို့ ပြန်လာစဥ် ယခုလို ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှသိရှိရပါသည်။

#PAN