ဟူသီသူပုန်များက ဒိန်းမတ်ပိုင်ကုန်တင်သင်္ဘောကို ဒုံးကျည်များဖြင့် ပစ်ခတ်


ဖေဖော်ဝါရီ ၂၀

ဟူသီသူပုန်များက ပင်လယ်နီဒေသအတွင်း သွားလာနေသည့် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်သော ကုန်တင် သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း အမေရိကန်အလယ်ပိုင်းဒေသ ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။

ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များထိန်းချုပ်ထားသော နယ်မြေမှ သင်္ဘောဖျက် ဒုံးကျည်လေးစင်းကို ပစ်လွှတ်လိုက်ကြောင်း၊ ထိုလေးစင်းအနက် ဒုံးကျည်သုံးစင်းမျာ ဒိန်းမတ်နိုင်ငံ ပိုင် ကုန်တင်သင်္ဘောကို ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အခြားသော သင်္ဘော များ ထိခိုက်မှု ရှိ၊ မရှိကို သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း အမေရိကန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်တပ်ဖွဲများသည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ယီမင်ရေပိုင်နက်အတွင်းရှိ သင်္ဘောဖျက်အနိမ့်ပျံ ဒုံးကျည်တစ်စင်းနှင့် မောင်းသူမဲ့သင်္ဘောတစ်စင်းတိုကို ပစ်ခတ်လိုက်ကြောင်း ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဟူသီသူပုန်များသည် ယီမင်နိုင်ငံ၏ ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် ကို ထိန်းချုပ်ထားသည် သူပုန်အဖွဲဖြစ်ပြီး အစ္စရေး၊ အမေရိကန်နိုင်ငံတိုနှင့် ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခုအခါ ကုန်တင်သင်္ဘော ကုမ္ပဏီအများအပြားက ပင်လယ်နီ ဒေသ၅အတွင်းမှ ဖြတ်သန်းသွားလာမှုကို ရပ်ဆိုင်းထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။