ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီး အကြမ်းဖက် BNRA များနှင့် နယ်မြေရှင်းလင်းရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ရာ ၎င်းတို့၏ ခဲယမ်းနှင့်ဆက် စပ်ပစ္စည်းများအား သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၁၉

ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် စ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက် BNRAအမည်ခံအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုသည် မိနစ်အနည်ငယ်အကြာဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့ မှ ဝိုင်းပတ်ပိတ်ဆို့စဉ် ၎င်းအကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ ဒဏ်ရာရလူနာများကို ထမ်းထုတ်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပြီး ၎င်းတို့ထံမှ ပွိုင့်-၂၂ ကျည်ဆံ ၅၀ တောင့်၊ ပွိုင့်-၂၂ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ မှန်ပြောင်း ၁ လက်၊ BNRA (တံဆိပ်ပါ)ယူနီဖောင်း ၁၂ စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပြီး လုံခြုံရေအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

PAN