ပရီးမီးယားလိဂ်(၆)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာတဲ့ ဟွိုက်လန်း

ဖေဖော်ဝါရီ ၁၉

မန်ယူအသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်ကစားသမား ရာစ်မတ် ဟွိုက်လန်းဟာ မနေ့ညက အဝေးကွင်းမှာ ကစားခဲ့သည့် လူတန်တောင်းနဲ့ပွဲစဉ်တွင် အသင်းအတွက် ပထမပိုင်း(၇)မိနစ်မှာတင် သွင်းဂိုး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဟွိုက်လန်းအနေနဲ့ ပရီးမီးယားလိဂ်(၆)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ အသက် (၂၁)နှစ်ရှိ ဟွိုက်လန်း အနေနဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် (၆)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဟွိုက်လန်းရဲ့ ပွဲအစ(၃၇)စက္ကန့်တွင် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဟာ မန်ယူအသင်းသမိုင်းတစ်လျောက် အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ အဝေးကွင်းသွင်းဂိုးဖြစ်လာပါတယ်။

ဒါ့အပြင် သူ့အတွက် ပရီးမီးယားလိဂ်မှာ ဂုဏ်ယူစရာ စံချိန်မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့ပြီး မန်ယူပရိသတ်တွေနဲ့ တန်ဟက်ခ်အတွက် ကျေနပ်စရာလည်း ဖြစ်ခဲ့ပါတယ်။

(၂)ဂိုးရယူနိုင်ခဲ့တဲ့ ဟွိုက်လန်းဟာ ယခုနှစ်ရာသီ မန်ယူအသင်းအသင်းရဲ့ ပရီးမီးယားလိဂ်တွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မက်တော့ပ်မနေး နဲ့ အတူ ပူးတွဲရပ်တည်နေပါတယ်။