မျက်ရိုးကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ


ဖေဖော်ဝါရီ ၁၈

မျက်ရိုးကိုက်တဲ့အခါ ဆေးဝါးတွေကို သုံးစွဲနေရတာထက် အိမ်ထဲကပစ္စည်းတွေနဲ့ ကုသရတာဟာ ပိုပြီးတော့ ဘေးထွက်ဆိုးကျိုးနည်းပြီး ကုသဖို အတွက် ပိုမိုလွယ်ကူစေပါတယ်။ မျက်ရိုးကိုက်တာဟာ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်ခြင်း တိုနဲ့လည်း ဆက်စပ် နေပြီး ကွန်ပျူတာအကြည့်များ၊ ဖုန်းအကြည့်များရင်လည်း ခံစားလာရတတ်ပါတယ်။

ရေများများသောက်ပေးပါ။ တစ်ခါတရံ မျက်ရိုးကိုက်ခြင်းဟာ ရေဓာတ်အားနည်းသွားခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ရေများများသောက်ဖို မမေ့ပါနဲ့။ ဒါပေမယ့် ရေခဲရေမသောက်ရပါဘူး။ ရိုးရိုးရေကို သောက်ပေးပါ။

အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ မျက်ရိုးကိုက်ခြင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတွေပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်ကို ဘေးထွက် ဆိုးကျိုးတွေ မရောက်စေဖို ကူညီပေးပါလိမ့်မယ်။

မျက်ရိုးကို ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ Oil Massage ဟာ မျက်ရိုးကိုက်ခြင်းကို အထိရောက်ဆုံး သက်သာစေတဲ့ နည်းတစ်မျိုးပါပဲ။ ဆီသုံးရာမှာ နှမ်းဆီစစ်စစ်၊ လာဗန်ဒါဆီ၊ ယူကလစ်ဆီ၊ မန်သိုဆီ နဲ့ Spa တွေမှာ သုံးတဲ့ ဆီမျိုးလည်းရပါတယ်။ အိမ်မှာဆောင်ထားဖိုကတော့ နှမ်းဆီစစ်စစ်ဆိုရင် ပိုပြီးလွယ်ကူပါတယ်။ ဆီ အနည်းငယ်လိမ်းပြီး မျက်ရိုးကို ဖိပြီးနှိပ်ပေးပါ။

ရေနွေးငွေ့ခံပေးပါ။ ဇလုံတစ်ခုထဲကို ရေနွေးဆူဆူထည့်ပြီး ရေနွေးငွေ့ခံပေးပါ။ အမြန်ဆုံး သက်သာ စေမယ့်နည်းဖြစ်ပါတယ်။ ခေါင်းပေါ်ကို တဘတ်ခြုံလိုက်ပြီး မျက်နှာကို ဇလုံနဲ့ တည့်တည့်ဖြစ်အောင်နေပါ။ ၁၀-၁၅ မိနစ်လောက် ပြုလုပ်ပေးလိုက်ပါ။ ရေနွေးထဲကို ယူကလစ်ဆီနဲ့ Menthol ပါတဲ့ ဆီနည်းနည်းထည့်ပြီး ပြုလုပ်ရင် ပိုပြီးထိရောက်စေပါတယ်။