၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ နိုင်ငံခြားငွေဈေးကွက်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ရောင်းချပေး


ဖေဖော်ဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ နိုင်ငံခြားငွေဈေးကွက်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်တွင် အမေရိကန် ဒေါ်လာ ၁၃ သန်း၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အမေရိကန်ဒေါ်လာ ၁၁ သန်း၊ ဖေဖော်ဝါရီလ ၈ ရက်တွင် အမေရိကန်ဒေါ်လာ ၈ သန်း ၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ၅ ဒသမ ၃၈ သန်းနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အမေရိကန် ဒေါ်လာ ၉ သန်း ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဘတ် သန်း ၄၀၀ ကိုလည်း ရောင်းချပေးခဲ့ပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၆၆.၉၃ သန်းနှင့် ထိုင်းဘတ်သန်း ၇၀၀ ထုတ်ရောင်းပေးခဲ့ သလို ဇန်နဝါရီလ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့ တာ ဖြစ်ပါတယ်။