အရပ်သားများကို ကာကွယ်ပေးနိုင်မည့် အစီအစဉ်မရှိဘဲ ရာဖာမြိုကိုတိုက်ခိုက်ခြင်းမပြုရန် ဂျိုးဘိုင်ဒင် ထပ်မံတောင်းဆို


ဖေဖော်ဝါရီ ၁၇

အရပ်သားများကို ကာကွယ်ပေးနိုင်မည့် အစီအစဉ်မရှိဘဲ ရာဖာမြိုကို စစ်ရေးအရ တိုက်ခိုက်ခြင်းမပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ထံ ထပ်မံတောင်းဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက်အစွန်ပိုင်းကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားချိန် ဖေဖော်ဝါရီလ ၁၅ ရက်က အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို ဖုန်းဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါဒေသတွင် လူပေါင်း ၁ ဒသမ ၅ သန်းခန့်မှာ ခိုလှုရာနေရာများတွင် နေထိုင်နေကြရသည်။ ဂါဇာ ကမ်းမြောင်ဒေသတွင် ကာလရှည်ကြာ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းများမှာ ကမ်းမြောင်ဒေသရှိ အခြားသောနေရာများကို ထွက်ပြေးကြရသည်။

ရာဖာမြိုရှိ အရပ်သားများ၏ လုံခြုံစိတ်ချရရေးနှင့် ထောက်ပံ့ပေးရေးတိုအတွက် ယုံကြည်စိတ်ချရသော အစီအစဉ်မရှိသေးသရွေ့ စစ်ရေးအရ ထိုးစစ်ဆင်မှုများကို မလုပ်သင့်သေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို ဖုန်းဖြင့်ဆွေးနွေးရာတွင်လည်း အလားတူ ပြောကြားမှုမျိုးကိုသာ သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။

ဟားမတ်စ်က ဖမ်းဆီးထားသည့် ဓားစာခံများ ပြန်လည်လွှတ်ပေးရေးအတွက် စေ့စပ်ညှိနှိင်းမှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောသည်။ ထိုနောက် ပါလက်စတိုင်းအရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးပိုရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။