လက်ဖက်ရည်ဆိုင်တွင် PDF မှ ဝင်ရောက်ပစ်ခတ်ခဲ့ အပစ်မဲ့ပြည်သူမှာ ပြည်ခိုငိခိုင်ဖြိုးပါတီဝင်ဖြစ်နေ


ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း ဝမ်းတွင်းမြို့၊ ဝမ်းတွင်း-သဲတောလမ်းမ၏ တောင်ဘက်ခြမ်းရှိ တော်ဝင်လက်ဖက်ရည်ဆိုင်၌ အမျိုးသား ၁ဦး ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သိရသည်။

လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသသော အပစ်မဲ့ပြည်သူတစ်ဦးဖြစ်​သည့် သဲတော(၁)၊ဝါးတန်းရပ် ဝမ်းတွင်းမြို့နေသူ ကိုနန္ဒကျော် အသက် ၂၆နှစ် အား PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်များ၏ လာရောက်ပစ်ခတ်မှုကြောင့် ကိုနန္ဒကျော်၏နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက် ယာ-မျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် ဝဲ-မျက်လုံးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း

တော်ဝင်လက်ဖက်ရည်ဆိုင်တွင်.လက်ဖက်ရည်ထိုင်သောက်နေသည့် ကိုနန္ဒကျော်အား အမည်မသိ လူငယ် ၂ဦး ဆိုင်ကယ် ၁စီး ဖြင့်ရောက်ရှိလာပြီး သေနတ်နှင့် ပစ်ခတ်ကာ လမ်းကြားအတိုင်း အရှေ့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပသ်ခတ်ခံရသူမှာ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ဝင် ဖြစ်ကြောင်းလည်း သိရသည်။

#PAN