ပြည်ပနိုင်ငံများသို အလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်များ ပုံမှန်ဆောင်ရွက်ပေးနေ


ဖေဖော်ဝါရီ ၁၇

ပြည်ပနိုင်ငံများသို အလုပ်သမားစေလွှတ်နိုင်ရေး အလုပ်ခေါ်စာတင်ပြခြင်းနှင့် စေလွှတ်ရေးလုပ်ငန်းစဉ် တွေကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးနေကြောင်း ဖေဖော်ဝါရီ ၁၅ ရက်မှာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်က အလုပ်ကမ်းလှမ်းစာ(Demand Letter) အသစ်တင်ပြ ခြင်းများကို ယာယီဆိုင်းငံ့မှာဖြစ်ပြီး အဆိုပါ အလုပ်ကမ်းလှမ်းစာတွေကိုတော့ ဆက်လက်တင်ပြနိုင်တယ်လို ဆိုပါတယ်။

ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်နိုင်ရေး အလုပ်ခေါ်စာတင်ပြတာအပါအဝင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)၊ စာချုပ် စတဲ့ စေလွှတ်ရေးလုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်ဟာ ၅၀၀ ကျော်အထိ ရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်ဖို အတွက် မြန်မာလုပ်သား တစ်ထောင်နီးပါးကို ခေါ်ယူမှာဖြစ်တယ်လိုလည်း တိုကျိုမြို၊ မြန်မာသံရုံးက ထုတ်ပြန်ထား ပါတယ်။