ကောလင်းမြို့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် KIA/PDF အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၁၇

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အနီးဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် KIA/PDF ၃ လောင်း၊ Fixed Wing Drone ၁ စီး၊ အိုင်ကွန် ၂ လုံး၊ အိုင်ကွန်အားသွင်းခုံ ၁ ခု၊ ကျောပိုးအိတ် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

စစ်ကိုင်း‌တိုင်းဒေသကြီးအတွင်း အကြမ်းဖက်နှိမ်နင်းရေးထိုးစစ်ဆင်တရပ်လှုပ်ရှားလျှက်ရှိရာ အကြမ်းဖက်စခန်းများ၊ အကြမ်းဖက်အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများစွာ ရှိကြောင်း မြေပြင်သတင်းများအရ သိရှိရသည်

#PAN