ယူရိုပါလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတဲ့ အူဘာမီယန်း

ဖေဖော်ဝါရီ ၁၆

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ အူဘာမီယန်း ဟာ မာဆေးလ် အသင်း အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ခဲ့ပြီးနောက် ပြိုင်ပွဲ သမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ဖယ်ကာအို နဲ့ ပူးတွဲ ရပ်တည် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ယူရိုပါလိဂ် သွင်းဂိုး ၃၀ ထိသွင်းနိုင်ခဲ့ပြီဖြစ်ပြီး ဖယ်လ်ကာအိုနဲ့ အတူ ပူးတွဲရပ်တည်နေကာ သူတို့နှစ်ယောက်ရဲ့နောက်မှာတော့ ဘောလုံးလောကမှ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း အာရစ်ဇ်အဒူရစ်ဇ်က သွင်းဂိုး ၂၆ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ဟာ ယူရိုပါလိဂ် ၅၄ ပွဲ ကစားပြီးချိန်မှာ အခုလို စံချိန် ရရှိခဲ့တာ ဖြစ်ပြီး ဒေါ့မွန် အသင်းနဲ့ အတူ သွင်းဂိုး ၈ ဂိုး၊ အာဆင်နယ် အသင်းနဲ့အတူ သွင်းဂိုး ၁၄ ဂိုး ၊ ဘာစီလိုနာ အသင်းနဲ့ အတူ သွင်းဂိုး ၂ ဂိုး ၊ မာဆေးလ် အသင်းနဲ့ အတူ သွင်းဂိုး ၆ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။