“မြို့ပတ်ရထားလမ်းပိုင်းရှိ ပလက်ဖောင်းများ အဆင့်မြှင့်တင်ရန် စီစဉ်‌ဆောင်ရွက်နေ”

ဇန်နဝါရီလ ၁၆

ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ပြေးဆွဲမည့်ရထားလမ်းပိုင်းရှိ ဘူတာပလက်ဖောင်းများကို အဆင့်မြှင့်တင်ရန် စီစဉ်‌ဆောင်ရွက်နေကြောင်း ရန်ကုန်ဘူတာကြီးကနေ သိရပါတယ်။  ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ပြေးဆွဲမည့် ရထားလမ်းများမှာ ခရီးသည်များ အဆင်းအတက် အဆင်ပြေစေရေးအတွက် အဆင်းအတက်လှေကားနှင့် ပလက်ဖောင်းများ ညီမျှမှုရှိအောင် အဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာ့မီးရထားမှ အမြန်လူစီးရထားခရီးစဉ် ၁၈ ခု၊ စာပို့ရထားခရီးစဉ် ၁၂ ခု၊ လူစီး ကုန်တင် ရထားခရီးစဉ် ၈ ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် ၃၀ စုစုပေါင်း ရထားခရီးစဉ် ၆၈ ခုနဲ့ ရထား ခရီးစဉ်များ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်များလုံခြုံရေးအတွက် နယ်ဝေးရထားခရီး စဉ်များကိုလည်း အချိန်ပြောင်းလဲ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews