နွားထိုးကြီးမြို့နယ်တွင် ယာဥ်မောင်းတစ်ဦးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ပြီးမော်တော်ယာဥ်အား ယူတောင်သွား


ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊မြတောင်ကျေးရွာ၊ရွာအဝင်လမ်းမတွင် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူ ကိုအောင်လွင်၊ ၃၉ နှစ်၊ (ဘ)ဦးမြသွင်၊ ပြင်စည်စံပြကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)အား ဝဲဘက် နားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် နားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောပြင် ယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လက်ပြန်ကြိုးတုပ်လျက် လဲကျသေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူ ကိုအောင်လွင်သည် ညီဖြစ်သူ အောင်ချင်း၊ ၂၇ နှစ်၊ (ဘ)ဦးမြသွင်၊ ယာဥ်နောက်လိုက် အလုပ်သမားဖြစ်သူ အောင်အောင်ဦး၊ ၂၄ နှစ်၊ (ဘ)ဦးဥာဏ်ထွန်းတို့သည် နွားထိုးကြီးမြို့နယ်၊ မြတောင်ကျေးရွာနေ ဦးကျော်သန်း၏နေအိမ်၌ ကိုအောင်လွင်မောင်းနှင်သည့် ယာဥ်ပေါ်သို့ မီးသွေးအိတ်များ တင်နေစဥ် အမည်မသိအကြမ်းဖက်သမား ၄ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက်ရောက်ရှိလာပြီး ကိုအောင်လွင်အား လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ ၃ ဦးကို ရွာအပြင်သို့ ခေါ်ဆောင်သွားကာ အကြမ်းဖက်သမားများက ကိုအောင်လွင်ကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ယာဥ်အား ယူဆောင်သွားကြောင်း အောင်ချင်းနှင့် အောင်အောင်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

PAN