ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနှင့်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲကို အာနိုးလ် လွဲချော်ဖွယ်ရှိ

ဖေဖော်ဝါရီ ၁၆

လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်က ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ ဘန်လေအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းစတင်ကတည်းက လူစားလဲခဲ့ရပါတယ်။ ၄င်း၏ ဒဏ်ရာအခြေအနေအရ လိဂ်ဖလားဗိုလ်လုပွဲအပါအဝင် အသင်းရဲ့ပွဲစဉ် ၅ ပွဲလောက် လွဲချော်ဖို့ရှိပါတယ်။

အာနိုးလ်ရဲ့ လီဗာပူးအသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာ ချဲလ်ဆီးအသင်းနဲ့ EFL ဖလား ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး မန်စီးတီးနဲ့ ပွဲစဉ်လည်း ရှိနေပါတယ်။