ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ တစ်ရက်တည်းတွင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံး


ဖေဖော်ဝါရီ ၁၆

ဖေဖော်ရီ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဝိုင်းမော်မြို့ TOP စက်သုံးဆီဆိုင်အနီး ဆိုင်ကယ် နှစ်စီးတိုက်မှုဖြစ်၍ ၁ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်း ဒဏ်ရာရရှိကြောင်း သိရသလို ယင်းနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ဆဒုံမြို့၊ ကန်ပိုင်တည်ဘက်မှ ကားတာယာများတင်ဆောင်ထားသည့် ကုန်တင်ယာဉ်တစ်စီးသည် မိုင်တိုင်အမှတ် ၃၆ ရေတံခွန်အနီး ယာဉ်တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ နေရာ၌ပင်သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူမှာလည်း ခြေထောက်တစ်ဖက်ကျိုးသွားခဲ့ကြောင်း သိရှိရသည်။

ဝိုင်းမော်မြို့ TOP စက်သုံးဆီဆိုင်အနီး ဆိုင်ကယ် နှစ်စီးတိုက်မှုဖြစ်ပွားမှုတွင် ဝိုင်းမော်မြို့ ၊ အမှတ် ၃ ရပ်ကွက်နေ ဦးမောင်နိုင်၊ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ပွားသည့်နေရာ၌ သေဆုံးခဲ့ပြီး အခြားတစ်ဘက်မှ ဆိုင်ကယ်မောင်းသူ ဖီမော်ကျေးရွာဇာတိနေ ကိုချမ်းဘောမ်၊ ၂၀ နှစ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီးဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရှိရသည်။

ထိုအတူ ဆဒုံမြို့၊ ကန်ပိုင်တည်ဘက်မှ ကားတာယာများတင်ဆောင်ထားသည့် ကုန်တင်ယာဉ်တစ်စီး ယာဉ်တိမ်းမှောက်မှုမှာလည်း ယာဥ်မောင်းဖြစ်သူ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး ယာဥ်နှင့်ညှပ်၍ နေရာ၌ပင်သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ကိုရဲနောင်ထက် ဆိုသူမှာလည်း ခြေထောက်တစ်ဖက်ကျိုးသွားခဲ့ကြောင်း၊
၎င်းကိုလည်း မြစ်ကြီးနားဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရှိရသည်။

PAN