EPS စနစ်နဲ့ ကိုရီးယားနိုင်ငံသို မြန်မာအမျိုးသမီးလုပ်သားတွေ သွားရောက်အလုပ်လုပ်ကိုင်နိုင်ပြီ


ဖေဖော်ဝါရီ ၁၅

EPS စနစ်နဲ့ မြန်မာအမျိုးသမီးလုပ်သားတွေ ကိုရီးယားသို ပထမဆုံးစေလွှတ်မယ်လို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ POEA က ကြေညာထားပါတယ်။ ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK မှာ မြန်မာအမျိုးသမီး လုပ်သားတွေကို ဖြေဆိုခွင့်ပြုလိုက်ပြီး အမျိုးသမီးလုပ်သားတွေအနေနဲ့ ဒီနှစ်အတွက် အသစ်တိုးခွင့် ပြုလိုက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွက် ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်တယ်လို POEA ရဲ့ ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ EPS စနစ်နဲ့ ကုန်ထုတ်၊ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက်သာ စာမေးပွဲပြုလုပ်ပြီး အမျိုးသားလုပ်သားတွေကို ခေါ်ယူနေခဲ့ပြီး ယခုနှစ်ကနေ စလို ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီး လုပ်သားတွေကိုပါလက်ခံတာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှ ယခု ၂၀၂၄ ခုနှစ်မှသာ စတင်ခေါ်ယူပြီး ပညာအရည်အချင်းသတ်မှတ်ထားတဲ့ ဝန်ဆောင်မှု လုပ်ငန်းအတွက် EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်လိုတဲ့ အသက် ၁၈ နှစ် ကနေ ၃၉ နှစ်အတွင်းရှိ အခြေခံပညာ အထက်တန်းပြီးဆုံးထားတဲ့ မြန်မာအမျိုးသမီးများကို စတင်ဖြေဆိုခွင့်ပြုမယ်လို သိရပါတယ်။

ယခင်က မြန်မာအမျိုးသားအလုပ်သမားများကိုသာခေါ်ယူတဲ့ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှာပါ မြန်မာအမျိုးသမီးများအနေနဲ့ သွားရောက်လုပ်ကိုင်လိုပါက ဖြေဆိုခွင့်ရမှာ ဖြစ်တယ်လို သိရပါတယ်။ EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို မတ်လ ၄ ရက် ကနေ ၁၀ ရက်အထိ Online မှတစ်ဆင့် တင်သွင်းရမှာဖြစ်ပြီး ဖြေဆိုရမည့်ရက်ကို ထပ်မံအသိပေးသွားမယ်လို ထုတ်ပြန်ထားပါတယ်။