အသင်းဖော်နှင့်အချင်းများမှုကြောင့် ဆွန်ဟောင်မင် လက်ချောင်းအဆစ်လွဲဒဏ်ရာရခဲ့

ဖေဖော်ဝါရီ ၁၅

စပါးတိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ ဂျော်ဒန်ကို တောင်ကိုရီးယား ရှုံးနိမ့်ခဲ့တဲ့အာရှဖလားဆီမီးပွဲမတိုင်ခင် ညစာစားပွဲမှာ အသင်းဖော်တွေနဲ့အချင်းများခဲ့တာကြောင့် လက်ချောင်းအဆစ်လွဲဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ(၆)ရက်မှာ ဂျော်ဒန်ကို (၂-ဝ)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမတိုင်ခင် ညစာစားပွဲမှာ ဆွန်ဟောင်မင်နဲ့ အသင်းဖော်လူငယ်ကစားသမားတွေနဲ့ အချင်းများခဲ့ကြပါတယ်။

ဒီပြဿနာရဲ့ အဓိကရင်းမြစ်က ကစားသမားအချို့ဟာ ပင်ပေါင်ကစားဖို့အတွက် စားသောက်နေမှုကို ပြီးစလွယ်လုပ်ခဲ့တာကြောင့် ဆွန်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လိုက်လန်ဟန့်တားရာကနေစတင်ခဲ့တာလည်းဖြစ်တယ်လို့လည်းသိရပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း ဆွန်ဟောင်မင်တစ်ယောက် လီကန်အင်းရဲ့ အင်္ကျီကို လှမ်းဆွဲခဲ့ပြီး ဆွန်ရဲ့လက်ချောင်းအဆစ်လွဲဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဆွန်ဟောင်မင်ဟာ ဂျော်ဒန်နဲ့အာရှဖလားဆီမီးဖိုင်နယ်ပွဲမှာ ညာဘက်လက်ချောင်းနှစ်ချောင်းကို ပလာစတာကပ်ပြီးကစားခဲ့တာကို တွေ့ရပါတယ်။

အဲဒီပွဲမှာ တောင်ကိုရီးယားဟာ ဂိုးပေါက်တည့်ကျန်ချက်တစ်ကြိမ်မှမရှိဘဲ ဂျော်ဒန်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။