အယ်လ်ဂျာဇီးယား သတင်းဌာနကို အစ္စရေးနယ်မြေအတွင်း ဝင်ရောက်မှုပိတ်ပင်ရန် အစ္စရေးကြိုးပမ်းလာ


ဖေဖော်ဝါရီ ၁၅

အစ္စရေးတွင် ဟားမာ့စ်အဖွဲအတွက် အလုပ်လုပ်နေတဲ့ သတင်းထောက်တစ်ဦးဆိုပြီး အပြစ်တင်ခဲ့ပြီး နောက် ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနကို သူ့ပိုင်နက်နယ်မြေထဲ ပိတ်ပင်ဟန့်တားဖို ကြိုးပမ်းလာခဲ့ပါသည်။

ယခုအခါမှာ ဂျေရုဆလင်မြိုတော်ရဲ့အနောက်ဘက်ခြမ်းကို နိုင်ငံ့လုံခြုံရေး အန္တရာယ် ဖြစ်စေသည်ဟု အကြောင်းပြချက်ဖြင့် နိုင်ငံခြားမီဒီယာတွေ သွားလာခွင့် တားမြစ်သွားဖို အစ္စရေးက စီစဉ်နေ ကြောင်းသိရသည်။

အစ္စရေးလွှတ်တော်ထဲမှာ ယခုလို တားမြစ်ဖိုအတွက် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ဖေဖော်ဝါရီလ ၁၂ ရက် က ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၄ မဲနဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်သည်။

အဲဒီဥပဒေသည် အထူးသီးသန့်ပစ်မှတ်အဖြစ် အယ်လ်ဂျာဇီးယားအတွက်ဥပဒေဟု ခေါ်နိုင်ကြောင်း ရုရှား တူဒေးမီဒီယာက ရေးသားဖော်ပြထားသည်။ အစ္စရေးကာ ကွယ်ရေး တပ်ဖွဲ (IDF) ရဲ့ ပြောခွင့်ရသူက အယ်လ်ဂျာ ဇီးယား သတင်းထောက် မိုဟာမက်ဝါရှာကို အကြမ်းဖက်သမားဟု စွပ်စွဲပြီးနောက်ပိုင်း ဥပဒေကြောင်း အရ အရေးယူမှုတွေပါ တိုးမြှင့်လာခဲ့သည်။

အစ္စရေးစစ်တပ်မှ ဗိုလ်မှူးကြီး အဘီချေအန်ဒရီး က ယခုကဲ့သို စွပ်စွဲခဲ့ပြီး နောက် အယ်လ်ဂျာဇီးယားရုပ်သံလိုင်းက သတင်းထောက်ဖြစ်သူ မိုဟာမက်ဝါရှာရဲ့ လက်နက်မျိုးစုံ ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံများကို X ဆိုရှယ်ပလက်ဖောင်းပေါ်ပိုစ်တင်ပြီး ဖြန့်ဝေခဲ့သည်။ အယ်လ်ဂျာဇီးယားဥပဒေဟု ခေါ်ဆိုနိုင်သည့် အဆိုပါ ဥပဒေကို အစ္စရေးဆက်သွယ်ရေးဝန်ကြီး ရှောလမုန်ကာချီ (Shlomo Karhi) က ၂၀၂၃ ခုနှစ်က စတင် ရေးဆွဲခဲ့သည်ဟု သိရသည်။